Monday, February 14, 2022

၄၁၁။ မေတ္တာအိမ်ထောင်

 


၁။ ချစ်မေတ္တာအိမ်ထောင်တွင် ရှိခဲ့လျှင်၊ ဘယ်မျှပျော်ရွှမည်နည်း၊
ညီညွတ်ခြင်း အိမ်ထောင်တွင် ရှိခဲ့လျှင်၊ သာယာမှု ရှိမည်တည်း၊
ချစ်ခြင်းမေတ္တာတော်သည် သင့်အိမ်တွင် ရှိခဲ့လျှင်၊
အိမ်ထောင်ဆင်းရဲသော်လည်း သင်၏ စိတ်မဆင်းရဲ၊
ရွှေငွေ မရှိသော်လည်း၊ ချစ်မေတ္တာ ဖိုးတန်သည်၊
သင်၏ အိမ်ထောင်မှာ ပျော်ရွှင်မှုရှိမည်၊ ဆုတောင်းလျက် သက်ရှင်ပါ။

၂။ ခရစ်တော်အိမ်ထောင် အုပ်စိုးခဲ့လျှင်၊ ဘယ်မျှငြိမ်သက်မည်နည်း၊
နားလည်မှု အိမ်ထောင်တွင် ရှိခဲ့လျှင်၊ သာယာမှု ရှိမည်တည်း၊
ချစ်မေတ္တာနေ့တိုင်း ရှိသောခါ သင်အိမ်တွင် နေ့တိုင်း ရှိခဲ့လျှင်၊
အိထောင် ခြေနေ ဆင်းရဲသော်လည်း၊ သင်၏ စိတ်တွင်း၌ မဆင်းရဲ၊
ရွှေငွေ သင်၌ မရှိသော်လည်း၊ သင်၏ အိမ်ထောင်မှာ ပျော်ရွှင်မှု ရှိမည်၊
ဆုတောင်းလျက် သက်ရှင်ပါ။

0 Post a Comment:

Post a Comment

Copyright © ဖြတ်သန်းခဲ့သောဘဝပုံရိပ်များ(Hymns) | Designed With By Blogger Templates
Scroll To Top