No results found

    ၀၇၄။ နားထောင်ကောင်းကင်သား ကြွေးကြော်

     


    ၁။ နားထောင် ကောင်းကင်သား ကြွေးကြော်၊ ခုဖွားမြင် ဘုရင့် ဘုန်းတော်၊
    ကမ္ဘာပေါ်တွင် ငြိမ်သက်စေ။ ကောင်းကင်ဘုံတွင် ဘုန်းကြီးစေ၊
    ပြစ်ရှိသူများ ချမ်းသာ၍ ဘုရားသခင်နှင့် ဆုံတွေ့၊
    ဗက်လင်မြို့တွင် ကယ်တင်ရှင်၊ ဖွားမြင်ပြီ ငါတို့သခင်၊
    နားထောင် ကောင်းကင်သား ကြွေးကြော်၊ ခုဖွားမြင် ဘုရင့်ဘုန်းတော်။

    ၂။ ကောင်းကင်ဘုံ သားတို့ ဘုရင်၊ ထာဝရ ခရစ်တော်ရှင်၊
    ချိန်တန်ကာလ ဆင်းသက်၍ ကညာဝမ်း၌ ကိန်းအောင်းလေ၊
    လူ့ဇာတိ ကိုယ်တော်မြတ် ဆောင်၊ ကယ်တင်အံ့ငှာ လူတို့ဘောင်၊
    ဧမာနွေလ ဆင်းသက်ပြီ၊ လူတို့တွင် တည်တော်မူမည်၊
    နားထောင် ကောင်းကင်သား ကြွေးကြော်၊ ခုဖွားမြင် ဘုရင့်ဘုန်းတော်။

    ၃။ ကောင်းကင်ဖွား ငြိမ်သက်အရှင်၊ တရားမင်း ဘုန်းကြီးဘုရင်၊
    အလင်းအသက် စည်းစိမ်မျိုး၊ ဘေးဒဏ်ပေါင်း ကင်းရှင်းတန်ခိုး၊
    ပေးပိုင်ရှင် သခင်မြတ်သည် လူထာ၀ရ သက်တည်ကြည်၊
    ရစိမ့်သောငှါာ ကောင်းကင်မှ ဆင်းသက်သည်းခံ ဖွားမြင်ရ၊
    နားထောင် ကောင်းကင်သား ကြွေးကြော်၊ ခုဖွားမြင် ဘုရင့်ဘုန်းတော်။ (အာမင်)

    Post a Comment

    Previous Next

    نموذج الاتصال