No results found

    ၀၇၃။ ရှေ့ပြည်မှ ဘုရင်သုံးပါးကျူး

     


    ၁။ ရှေ့ပြည်မှ ရှင်ဘုရင်သုံးပါး၊ လက်ဆောင်များ ပါလျက် ရောက်လာကြ၊
    ထူးဆန်းသော ကြယ်လမ်းညွှန်ပြရာ လမ်းတစ်လျှောက်လုံး လိုက်လာ

    ထပ်ဆို
    အိုရောင်ခြည်လင်း အံ့ဖွယ်ကြယ်မင်း၊ တင့်တယ်တောက် ရောင်ခြည်ထွန်းလင်း
    စုံလင်သော အလင်းတော်မြတ်သို့ ရှေ့ပြည်မှ လမ်းပြ ဆောင်ပို့။ (အာမင်)

    ၂။ သူငယ်တော်အား ဘိသိက်မြှောက်ရာ ရွှေမကိုဋ်ကို ဆက်ရန်ယူလာ၊
    ကိုယ်တော်ရှင် ဘုရင်မင်းဖြစ်သည်၊ စဉ်မပြတ်အုပ်စိုးမည်။

    ၃။ လောဗန်နှင့် မွှေးကြိုင်သော နံ့သာ ဆက်ကပ်ဖို့ရာ၊ ကျွန်ုပ်ယူလာ၊
    ဆုတောင်းခြင်း ချီးမွမ်းခြင်းအားဖြင့် ဘုရားထံတော်သို့ ဝင်။

    ၄။ မွှေးကြိုင်သော မုရန်စေးကိုသာ၊ ကျွန်ုပ်သည် ပူဇော်ဆက်ဖို့လာ၊
    သင်္ချိုင်းတွင်းမှာ သိပ်ထားသောခါ၊ မုရန်စေး မွှေးကြိုင်လှ။

    ၅။ တိုင်ပေါ်မှာ ပူဇော်ပြီးသောခါ၊ ကယ်တင်ရှင် သေခြင်းမှ ထလာ၊
    ကောင်းကင်သားနှင့် မြေကြီးသားများ၊ ဟာလေလုယာဆိုကြ။

    Post a Comment

    Previous Next

    نموذج الاتصال